ရန်ကုန် ဩဂုတ် ၅

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၀) သင်တန်းဖွင့်ပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၆၉ ဦး၊ သင်တန်းသူ ၁၉၅ ဦး စုစုပေါင်း ၃၆၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၅ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်