ဩဂုတ် ၅

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဇာဘူလ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက မိုးများသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူဆယ်ဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။

ထိုပြည်နယ်၏  Shinkay ခရိုင်၏ဒေသအများအပြားနှင့် ပြည်နယ်မြို့တော် Qalat တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ကနဦးဖော်ပြချက်တွင် ကလေးသုံးဦးနှင့်အမျိုးသမီးတစ်ဦးတို့သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အဆိုပါရေကြီးရေလျှံမှုများကြောင့် ဒေသခံများ၏ စိုက်ပျိုးမြေသီးနှံများ၊ လူနေအိမ်များနှင့် မွေးမြူရေးတိရစ္ဆာန်များ မျောပါသွားပြီး ‌ဒေသခံများ၏ဉစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ၎င်းကဆိုသည်။

နန်ဂါဟာပြည်နယ်အရှေ့ပိုင်းတွင် ဇူလိုင်လက မုန်တိုင်းများတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၃၅၀ ခန့်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို