ဂျေရုဆလင်၊ ဩဂုတ် ၅

 

ပြီးခဲ့သည့် သီတင်းပတ်က ဟားမားစ်ထိပ်တန်းခေါင်းဆောင် လုပ်ကြံခံရပြီးနောက် အစ္စရေးသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်ရန်အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောကြားလိုက်သည်။

ဟားမားစ်ထိပ်တန်း  ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က  အီရန်နိုင်ငံသို့  ရောက်ရှိနေစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ အစ္စရေးက ဟားမားစ်ထိပ်တန်း ခေါင်းဆောင်လုပ်ကြံခံရပြီး    နောက်ကွယ်တွင်ရှိကြောင်းကို  လူသိရှင်ကြား  ဝန်ခံထားခြင်းမရှိသော်လည်း ဖြစ်ပေါ်လာနိုင်သော   လက်တုံ့ပြန်မှုများအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြုထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း လက်တုံ့ပြန်မည်ဟု ကတိပြုပြောကြားထားသည်။ ၎င်းတို့၏အကြီးတန်းတပ်မှူးတစ်ဦးလည်း အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည်။ တနင်္ဂနွေနေ့ကအစိုးရ အဖွဲ့အစည်းအဝေးတစ်ခုတွင် နေတန် ယာဟုက မည်သည့်အခြေအနေအတွက်မဆို အဆင်သင့်ရှိကြောင်းနှင့် ရန်လိုမှုမှန်သမျှအတွက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေး ဝန်ကြီး ယော့ဗ်ဂါးလန့်ကလည်း အကြီးတန်း တပ်မတော်အရာရှိများနှင့် တနင်္ဂနွေနေ့ တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် အကြီးအကဲသည် တနင်္လာနေ့တွင် အစ္စရေးသို့ လာရောက်ဖွယ်ရှိကြောင်း အစ္စရေး သတင်းမီဒီယာ Haaretz က အစီရင်ခံ ဖော်ပြထားသည်။  

အင်န်အိတ်ချ်ကေ