နေပြည်တော်၊ ဩဂုတ် ၆
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေးအမှတ်စဉ် ၂/၂၀၂၄ ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၂၁၆ ဦးကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက် ဖျက်သည့် တရား လွှတ်တော်ရှေ့နေ ၃၃ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများ ကောင်စီအက် ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ သဘောထား တောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေ (၁)ဦးက ဘဏ်ရှေ့နေခန့် ထားနိုင်ရေးအတွက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ရေး လျှောက်ထားသည့် ကိစ္စ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ (မန္တလေး)ရုံးခွဲ ဖွင့်လှစ်ခဲ့သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ (နေပြည်တော်) ရုံးအဆောက် အဦး ဆောက်လုပ်ရန်ကိစ္စ၊ ၂၀၂၅ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ DIARY နှင့် Note Book ထုတ်ဝေရန် မျက်နှာဖုံး Design နှင့် ထည့်သွင်းလိုသည့် အချက်အလက်များကိစ္စ၊ ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ငွေစုအကောင့် SC - ၀၂၃၆၁၄ နှင့် CB - ၀၄၆၈၇ တို့ကို နေပြည်တော်သို့ ပြောင်းရွေ့ရန်ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရား လွှတ်တော်ရှေ့နေများ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


