ဩဂုတ် ၇

အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ ဩဂုတ်လ ၅ ရက်က  ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမြေပြိုမှုသည် နိုင်ငံတောင်ပိုင်း ကာဝိုကီရှာခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၃ ဦး သေဆုံးပြီး အခြား ၃၀၅ ဦး ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခဲ့ပေးခဲ့သည်ဟု ဒေသဆက်သွယ်ရေးဌာနအကြီးအကဲက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသဖြင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သည်ဟု ၎င်းကဆိုသည်။

မြေပြိုမှုကြောင့်သေဆုံးသူများတွင် ကလေးများပါဝင်ကြောင်းနှင့် ရာနှင့်ချီသောပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်းဂိုဖာဇုံနှင့်မဝေးသောနေရာတွင် မကြားသေးမီက ဖြစ်ပွားခဲ့သော အလားတူမြေပြိုမှုတွင် ၂၅၇ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ဩဂုတ်လ ၅ ရက်နေ့နှောင်းပိုင်းက ယင်းဒေသ၏ထုတ်ပြန်ချက်တစ်ခုတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်းသတိပေးပြောကြားထားပြီး ဒေသခံများအနေဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို