ဩဂုတ် ၇

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် လွန်ခဲ့သောဘဏ္ဍာနှစ်ငါးနှစ်အတွင်း ၃၀ ဒသမ ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ထုတ်ပြန်ချက်တွင် ယမန်နေ့ကဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပင်လယ်စာတင်ပို့မှုတန်ဖိုးမှာ အိန္ဒိယရူပီး ၄၆၆ ဒသမ ၆၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၆ ဘီလီယံ) နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယရူပီး ၆၁၀ ဒသမ ၄၃၆ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၇ ဘီလီယံ ) မြင့်တက်ခဲ့သည်။

တရားဝင်အချက်အလက်ဖော်ပြချက်အရ လွန်ခဲ့သောဘဏ္ဍာနှစ်ငါးနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပင်လယ်စာထွက်ကုန်တင်ပို့မှုသည်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၃၃ သန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၈၂ သန်း မြင့်တက်လာသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှု အများဆုံးငါးနေရာရှိပြီး ၎င်းတို့မှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို