ဩဂုတ် ၇

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်ရှိ Sundance လေဆိပ်အနီးတွင် ယမန်နေ့က လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးသွားကြောင်း အိုကလာဟိုးမားမြို့ မီးသတ်ဌာနက ပြောကြားသည်။

 အဆိုပါလေယာဉ်သည် Sundance လေဆိပ်မှ လေယာဉ်ပျံတက်သွားပြီးမကြာမီ အိုကလာဟိုးမားမြို့ အနောက်မြောက်ဘက်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကြောင်းနှင့် လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းသိရသည်။

ထိခိုက်သေဆုံးသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို