ဩဂုတ် ၈

အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းအနီးတွင် ယမန်နေ့က လောင်စာဆီတင်ဆောင်လာသော သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသားငါးဦးသေဆုံးခဲ့ပြီး အခြား ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။

အဆိုပါလောင်စာဆီတင်သင်္ဘောသည် West Nusa Tenggara   ပြည်နယ်ရှိ   Badas Sumbawa ကျွန်းသို့ဦးတည်သွားနေပြီး ကန်ဒီဒါဆာရေပြင်ရှိ Tepekong ကျွန်းအနီး ရွက်လွှင့်မောင်းနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောသည် ဒေသစံတော်ချိန် မနက် ၃ နာရီ Gili Tepekong ကျွန်းသို့ရောက်ရှိချိန်တွင် သင်္ဘောသားအနည်းငယ်ခန့်က ပေါက်ကွဲသံတစ်ခုကြားခဲ့ကြောင်းနှင့်ယင်းနောက်တွင် သင်္ဘောကြီးမှောင်မည်းသွားကြောင်း ဖော်ပြထားသည်။

အင်ဂျင်နီယာအခန်းတွင် မီးလောင်မှုဖြစ်ပွားပြီးနောက်မကြာမီ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို