ဩဂုတ် ၈
ယီမင်နိုင်ငံမြောက်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ၃၉ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကဖော်ပြထားသည်။ အဆိုပါရေဘေးသင့်မှုကြောင့် Hodeidah ပြည်နယ်တွင် ၃၀ ဦးနှင့် Taiz ပြည်နယ်တွင် ကိုးဦး သေဆုံးခဲ့သည်ဟု ၎င်းအဖွဲ့ကဆိုသည်။
ထိုပြည်နယ်ရှိအိမ်ထောင်စု ၅၀၀ နီးပါးသည် ရေများမြင့်တက်လာမှုကြောင့် ၎င်းတို့၏နေအိမ်များမှဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နေ့အစောပိုင်းက ရေကြီရေလျှံမှုဖြစ်ပွားခဲ့ရာ လူပေါင်းဒါဇင်ချီ ဒဏ်ရာရရှိပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီဒီယာကဖော်ပြထားသည်။
Taiz ပြည်နယ် Maqbanah ခရိုင်တွင် ရေကြီးရေလျှံမှုများကြောင့် ၁၅ ဦး သေဆုံးပြီး လူပေါင်း ၁၀၀၀၀ ခန့် ရေဘေးသင့်ခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
မိုးလေဝသဌာနက နိုင်ငံတစ်ဝန်းတွင် မိုးသက်မုန်တိုင်းများဆက်လက်တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများမှဝေးရာတွင်နေထိုင်ကြရန် အကြံပြုပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို