ဩဂုတ် ၉

ပါကစ္စတန်နိုင်ငံတွင် ဇူလိုင်လမှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ဖြစ်ပွားသဖြင့် ၁၅၄ ား သေဆုံးပြီး ၂၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ( အင်န်ဒီအမ်အေ )က ဖော်ပြထားသည်။

အဆိုပါရေဘေးကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၂၇ ဦးနှင့် ကလေးငယ် ၇၄ ဦးတို့ပါဝင်ကြောင်း အင်န်ဒီအမ်အေက ပြောသည်။

နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ဟွာပြည်နယ်သည် ရေဘေးသင့်မှုအဆိုးရွားဆုံးဒေသဖြစ်ပြီး  ၅၇ ဦး သေဆုံးခဲ့သည်။ ထိုပြည်နယ်ပြီးလျှင် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်နှင့် တောင်ပိုင်းဆင်းဒ်ပြည်နယ်တို့ဖြစ်ပြီး ၎င်းပြည်နယ်တို့တွင် ၅၅ ဦး နှင့် ၃၀ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ရှစ်ဦး၊ ပါကစ္စတန်တို့ထိန်းချုပ်ထားသော ကတ်ရှ်မားဒေသတွင် သုံးဦးနှင့် မြောက်ပိုင်း ဂီလ်ဂစ်-ဘလ်တစ်စတန်ဒေသတွင် တစ်ဦး သေဆုံးကြောင်း ထပ်လောင်းဖော်ပြထားသည်။

မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၃၄၉ ကောင်သေဆုံးပြီး နေအိမ်အလုံး ၁၅၅၂ လုံးနှင့် တံတား ၂၄ စင်းလည်း ပျက်စီးခဲ့သည် သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို