ဩဂုတ် ၉
သီရိလင်္ကာနိုင်ငံက ဂါဇာကမ်းမြောင်ဒေသမှကလေးများအတွက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းကိုးသောင်းကို ပါလက်စတိုင်းအစိုးရထံသို့ ထပ်မံလှူဒါန်းခဲ့ကြောင်း သီရိလင်္ကာသမ္မတမီဒီယာဌာနခွဲ ( ပီအမ်ဒီ )က ယမန်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို သီရိလင်္ကာသမ္မတရုံး၌ ဩဂုတ်လ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း ပီအမ်ဒီက ပြောသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောကလေးများ၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် သီရိလင်္ကာသမ္မတ ရာနေးလ်က ထိုရန်ပုံငွေကို တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့က ပါလက်စတိုင်းအစိုးရထံသို့ အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ပီအမ်ဒီကပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို