နေပြည်တော် သြဂုတ်       

နယ်စပ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လျှိုပိတ်ဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၀,၀၀၀ ကို ငါးမျိုး စိုက်ထည့်ခဲ့ကြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွန်ကြားရေးမှူးများ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် မကျည်းပင် ၃၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးပြီး ယခုနှစ်၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ယခင်နှစ်များက စိုက်ပျိုးထားရှိသည့် ရတနာ တန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့် သေဆုံးမှုများအတွက် ပြန်လည် အစားထိုးစိုက်ပျိုးလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင် လည်း ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်နက်ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုး ခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပထမ အကြိမ်၌ ၁၂,၇၀၀ ပင်၊ ဒုတိယအကြိမ်၌ ၉,၉၅၂ ပင်နှင့် ယခု တတိယအကြိမ်၌ ၁၀,၇၀၈ ပင် စုစုပေါင်း သစ်ပင် ၃၃,၃၆၀ တို့ကိုစိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)