နေပြည်တော်၊   ဩဂုတ်   ၉

Naypyitaw State Academy အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ယနေ့တွင် Naypyitaw State Academy အားကစားခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကို Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးသည်။

ဉီးစွာ ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲများကို စတင်ကျင်းပရာ အမျိုးသားပွဲစဉ်နှင့်  အမျိုးသမီးပွဲစဉ်များကို ဆွစ်စနစ်ဖြင့် ပတ်လည် (၅)ချီစီ ယှဉ်ပြိုင်ကစားခဲ့ကြပြီး   အမျိုးသားပွဲစဉ်၌ ဆုရရှိသူများ ကို  ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင် ကလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်က လည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)