နေပြည်တော်၊ သြဂုတ် ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
သြဂုတ်လ ၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရဲသာကျေးရွာအုပ်စု ယာယီယာဉ် စစ်ဆေးရေးကွင်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Yellow Dye Liquid စာတမ်းပါ ဓာတုဆေးရည်ဟု ယူဆရသော နီညိုရောင်အရည် ကီလိုဂရမ် (၁၃၂၀၀)၊ De-Inking Agent စာတမ်းပါ ဓာတုဆေးရည်ဟု ယူဆရသော အဖြူရောင်အရည် ကီလိုဂရမ် (၂၃၀၀)၊ ကုန်ပစ္စည်းတင် ပေ (၄၀) ကွန်တိန်နာ (၁) လုံး၊ စားသောက်ကုန်ကြမ်းပစ္စည်း Jele Beautie (၈၀၆) ထုပ်၊ Essence အဝတ်လျှော် ဆပ်ပြာအဆီ (၃၀) ထုပ်၊ Polyethylene Oxide (၂၄၀) ထုပ် အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၆,၅၈၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head (၁)စီး နှင့် နောက်တွဲယာဉ် (၁)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁,၅၈၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့၊ မြို့အဝင်တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၂) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် CHO CHO ချောကလက်အနှစ် (၄၈၀၀) ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၆၂၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck (၁) စီး၊ Mitsubishi Light Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Galvanized Iron Sheet ကီလိုဂရမ် (၁၅၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၆၇၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊
နောင်ဖာဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် TV Spare Parts အခု (၅၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၈ ရက်တွင် ဒိုက်ဦးမြို့၊ မြို့အဝင်ဂိတ်၌ လှိုင်းဘွဲ့မြို့မှ ကျောက်တံခါးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁) စီး ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ် ပုဇွန်တစ်ကောင် စားအုန်းဆီ (၁၈) လီတာပါ (၁၅၀) ပုံး အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၉၄၄,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Mahar New MPV မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀ ၀) နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် (၂၀၀၀) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၀၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Scania Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၉ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၄၆၁) တန်နှင့် အခြားသစ်(၀ ဒသမ ၇၄၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁,၉၆၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၁၆၅,၉၆၆) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မော်လိုက်မြို့၊ မြို့မ (၁) ရပ်ကွက်တို့၌ တရားဝင် သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Tiger ဘီယာပုလင်း (၃၂၄) လုံး၊ ABC ဘီယာပုလင်း (၇၅၆)လုံး၊ သံပုရာတံဆိပ်ပါ အရက် (၉၂၆) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၉) မျိုး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆,၄၂၄,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ယစ်မျိုးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၄,၃၅၂,၇၆၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
