ကဘူးလ်၊ သြဂုတ် ၁၁
တစ်နှစ်အတွင်း အာဖဂန် ဒုက္ခသည်စုစုပေါင်း ၁၇၇၉၆၀၃ ဦးသည် ပါကစ္စတန်၊ အီရန်နှင့် အခြားနိုင်ငံများမှ ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံ၏ဒုက္ခသည်များနှင့် နေရပ် ပြန်ပို့ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒုက္ခသည်ခုနစ်သန်းရှိ
လက်ရှိအချိန်တွင် နိုင်ငံခြားတိုင်းပြည်များ၌ အာဖဂန်နစ္စတန်နိုင်ငံမှ ဒုက္ခသည် ခုနစ်သန်းရှိကြောင်းနှင့် ဒေသတွင်းရွှေ့ပြောင်းနေထိုင်သူ သုံးသန်းခန့်ရှိကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယခု လောလောဆယ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ် ၂၉ ခု၌ ဒုက္ခသည်များခိုလှုံလျက် ရှိသည့် မြို့နယ် ၄၆ မြို့နယ်ရှိ ကြောင်း ယင်းဝန်ကြီးဌာန၏ အစီအစဉ်နှင့် မူဝါဒရေးရာအကြီး အကဲ ဟက်အဟာဒီက ပြောသည်။
အာဖဂန်နစ္စတန် နိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်ပြန်သူများ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် အတွက် ယင်းဝန်ကြီးဌာနသည် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ၊ အေဂျင်စီခုနစ်ခုနှင့် ပညာရေး ဆိုင်ရာအဖွဲ့အစည်း ၁၄ ခုတို့နှင့် နားလည်မှုစာချွန်လွှာ ၉၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဟက်အဟာဒီက ပြောကြားခဲ့သည်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖဂန်ပြည်တွင်းသို့ အိုးမဲ့အိမ်မဲ့နှင့် ပြန်လည်ရောက်ရှိလာသော မိသားစုပေါင်း ၇၈၈၀၀၀ ကျော်ကြောင်း ဟက်အဟာဒီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်