ဩဂုတ် ၁၃

 

တောင်ကိုရီးယားနိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် ယခုနှစ် လက်ရှိအချိန်အထိ သေဆုံးသူ ၂၁ ဦး ရှိလာပြီး အပူချိန်နှင့်ဆက်စပ်သည့်နာမကျန်းမှုများကြောင့် ဆေးဝါးကုသမှုခံနေသူ ၂၃၀၀ နီးပါးရှိကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် အပူချိန်ဆက်လက်မြင့်မားလျက်ရှိရာ မေလ ၂၀ ရက်မှ ဩဂုတ်လ ၁၁ ရက်နေ့အတွင်း အပူချိန်နှင့်ဆက်စပ်သည့် နာမကျန်းမှုများကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိသည်ဟု သိရသည်။

 

မေလ ၂၀ ရက်မှ ဩဂုတ်လ ၁၁ ရက်ကြား အပူချိန်နှင့်ဆက်စပ်သည့် နာမကျန်းမှုများကြောင့် ကုသမှုခံယူနေသူပေါင်း ၂၂၉၃ ဦး ရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလကထက် ပိုမိုများပြားကြောင်း ဖော်ပြထားသည်။

 

အပူချိန်ဆက်လက်မြင့်မားမှုကြောင့် ဇွန် ၁၁ ရက်မှ ဩဂုတ်လ ၁၂ ရက်နေ့အတွင်း မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၇၀၃၀၀၀ နှင့် မွေးမြူရေးငါးအကောင်ရေ ၈၉၅၀၀၀ သေဆုံးခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ယနေ့ နေ့ခင်းပိုင်း ခန့်မှန်းအပူချိန် ၃၀-၃၆ ဒီဂရီစင်တီဂရိတ်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို