နေပြည်တော်၊ ဩဂုတ် ၁၆

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် () Meeting Hall ကျင်းပသည်။    

 

ဦးစွာပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းအခြေပြု ကျောင်း ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသားလူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးသကဲ့သို့ ကျောင်းသားလူငယ်တစ်ရပ် လုံးတွင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ (Healthy Lifestyles) အလေ့အထများ စွဲမြဲစေရန်နှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်း မာရေးသီတင်းပတ်အဖြစ် သတ်မှတ် ပြီး ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးပေး ခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျန်းမာရေး အသိပညာပေး အထောက်အကူပစ္စည်းများ ထုတ်လုပ်ပံ့ပိုးပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊  အခြေခံပညာမူလတန်း ကျောင်းသားများ၏ (၉၀) ရာခိုင်နှုန်းကျော်ကို အထွေထွေကျန်းမာရေး စောင့် ရှောက်မှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၈၅) ရာခိုင်နှုန်းကိုလည်း  ကျောင်းအခြေပြု ပဏာမမျက်စိ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသူ၊ ကျောင်းသား များ၏ (၉၅) ရာခိုင်နှုန်းကျော်အား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အထက်တန်း၊ အလယ်တန်းကျောင်းသူများအား သံဓါတ်အားဆေးတိုက်ကျွေးခြင်းကို အခြေခံပညာဦးစီးဌာန၊ သက်ဆိုင်ရာ ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် ဗလငါးတန် ဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေးအလေးပေးဆိုသည့်အတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိက လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသား လူငယ်များ၏ ကျန်းမာရေး အတွက်ကျောင်း ကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြားဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ရှေ့ဆက်ဆောင်ရွက် သွားကြပါရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ကျောင်းကျန်းမာရေးလုပ်ငန်းများအား အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်သော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဆုချီးမြှင့်ခြင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှု ဗွီဒီယိုပြသခြင်း၊ တက်ရောက်လာကြသူများနှင့် အတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်  ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အမှတ်(၁၁) အခြေခံပညာ အထက်တန်း ကျောင်း (ဇမ္ဗူသီရိမြို့နယ်)တွင်  ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိစွဲမြဲကျင့်သုံးစေပြီး  ကျန်းမာရေးအဆင့်အတန်းမြင့်မား တိုး တက်လာစေရေးအတွက် ကျောင်းအခြေပြု ကျန်းမာရေး အသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများမှ လက်ဆေးနည်းအဆင့်ဆင့် သရုပ်ပြခြင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ အာဟာရအုပ်စု () စုအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်းအကြောင်းကို အင်္ဂလိပ်-မြန်မာ () ဘာသာဖြင့် ရှင်းလင်းတင်ပြခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် သရုပ်ပြခြင်း၊ ထမင်းဘူးမူပြသခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များမှ အလယ်တန်း ကျောင်းသူများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ KG ကျောင်းသား/ကျောင်းသူများအား အာဟာရ (နို့၊ ကြက်ဥနှင့် ငှက်ပျောသီးများ) ပေးဝေခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်းကို သရုပ်ပြခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားနည်းများ သရုပ်ပြခြင်းတို့ကို စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့အပြင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အတွက် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော တကိုယ်ရေသန့်ရှင်းရေး အပါအဝင် အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု စစ်ဆေးခြင်း၊ ပဏာမမျက်စိကျန်းမာရေး စစ်ဆေးခြင်း များကို ဆောင်ရွက်၍ ကျောင်းသားတစ်ဦးစီ၏ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်တွင် အတန်းအလိုက် ဖြည့်သွင်းထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)