နေပြည်တော် ဩဂုတ် ၁၇
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့တက်ရောက်သည်။ 
ဦးစွာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များက ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့သည် China Atomic Energy Authority မှ Vice Chairman Mr. Liu Jing နှင့် China National Nuclear Cooperation မှ Vice Chairman Mr. Zhang Kai တို့နှင့် နျူကလီးယာစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပံ့ပိုးပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အမြင်ခြင်းဖလှယ် တွေ့ဆုံဆွေးနွေးကြပြီး ညနေပိုင်းတွင် China Atomic Energy Authority က တည်ခင်းဧည့်ခံသော ညစာစားပွဲတက်ရောက်ကြသည်။
ယင်းနောက် China National Nuclear Cooperationမှ ခင်းကျင်းပြသသော ပြခန်းသို့သွားရောက် ကြည့်ရှုကြရာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က ကြိုဆိုပြီး အဏုမြူစွမ်းအင်ဆိုင်ရာများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်