တိုကျို ဩဂုတ် ၁၈

 

ဂျပန်နိုင်ငံ ဒေသအများအပြား၌ ဩဂုတ် ၁၈ ရက်တွင် အပူချိန်လွန်ကဲခဲ့ကာ အပူလျှပ်မှု အန္တရာယ်နှင့် ပတ်သက်ပြီး ဂျပန်မိုးလေဝသ တာဝန်ရှိသူများက သတိပေးထားသည်။  ဂျပန်နိုင်ငံ အနောက်ပိုင်းမှ  မြောက်ပိုင်းအထိ ဒေသအများအပြားကို လေဖိအားမြင့်ရပ်ဝန်းတစ်ခု လွှမ်းခြုံထားသည့်အတွက် အပူချိန် မြင့်တက်လာနိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကပြောသည်။ မွန်းမတည့်မီ ရှီဇိုကာစီရင်စု ဟာမာမတ်စုမြို့တွင် အပူချိန် ၃၇ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်ရှိပြီး ဂီဖူစီရင်စု မိနိုကာမို မြို့တွင် အပူချိန် ၃၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ကြောင်း သိရသည်။

 

မိုးလေဝသအေဂျင်စီနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ကန်တို - ကိုရှင်းနှင့် ကျူရှူးဒေသအကြား စီရင်စု ၄၇ စု အနက် ၃၁ စုအတွက် အပူလျှပ်ခြင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် လေအေးပေးစက်ကို သင့်လျော် စွာအသုံးပြုရန်၊ ရေနှင့် ဆားဓာတ်ကို လုံလောက်စွာစားသုံးရန် ပြည်သူများကို အကြံပြုထားသည်။

 

အင်န်အိတ်ချ်ကေ