ဩဂုတ် ၁၉
မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း ကျောက်မီးသွေးတင်ပို့မှု သိသိသာသာမြင့်တက်လျက်ရှိရာ ကျောက်မီးသွေးတန်ချိန် ၄၆ ဒသမ ၁ သန်း တင်ပို့ခဲ့သဖြင့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ကျောက်မီးသွေးတင်ပို့မှု ၃၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ယနေ့တွင် အချက်အလက်ထုတ်ပြန်ဖော်ပြခဲ့သည်။
သတ္တုတွင်းကဏ္ဍသည် သဘာဝအရင်းအမြစ်များပေါများသော နိုင်ငံစီးပွားရေး၏ အရေးကြီးသောအစိတ်အပိုင်း တစ်ခုဖြစ်သည်။
ကျောက်မီးသွေးသည် အထူးသဖြင့် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီး ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ တင်ပို့မှုစုစုပေါင်း၏ ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
နိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းအထိ ကျောက်မီးသွေးတန်ချိန် သန်း ၆၀ ထက်မနည်း တင်ပို့မည်ဟု ရည်မှန်းထားကြောင်းနှင့် ၂၀၂၃ ခုနှစ်က ကျောက်မီးသွေး တန်ချိန် ၆၆ ဒသမ ၇ သန်း တင်ပို့ခဲ့ရာ သမိုင်းဝင်မြင့်မားသောတင်ပို့မှုဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို