ဂါဇာ၊ ဩဂုတ် ၁၉
ဂါဇာကမ်းမြောင်၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ဓားစာခံများလွှတ်ပေးရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိရေးတွင် အဟန့်အတားဖြစ်စေသည်ဟုဆိုကာ ဟားမားစ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ဝေဖန်ပြစ်တင်လိုက်သည်။ ဝန်ကြီးချုပ် နေတန်ယာဟုက ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၎င်း၏တင်းမာသော သဘောထားကို စွဲကိုင်ထားကြောင်း၊ အစ္စရေး တပ်မတော်က တနင်္ဂနွေနေ့တွင် ဂါဇာတစ်ဝန်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် နူဆီရတ်ဒုက္ခသည်စခန်း၌ ငါးဦးသေဆုံးကြောင်း ဒေသမီဒီယာများက အစီရင်ခံ ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကာတာနိုင်ငံ၌ ပြုလုပ်ခဲ့သော နှစ်ရက်ကြာ ဆွေးနွေးမှုအတွင်း ဆွေးနွေးမှုတစ်ခုကို အတိုချုံးရှင်းပြသည့် ထုတ်ပြန်ချက်ကို ဟားမားစ်က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် အထူးသဖြင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်မှ အလုံးစုံ ဆုတ်ခွာရေးတို့ကို ငြင်းပယ်သော အစ္စရေးဝန်ကြီးချုပ်၏ သတ်မှတ်ချက်အသစ်များကို တုံ့ပြန်ထားကြောင်း ဖော်ပြထားသည်။
ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ရာဖာနယ်စပ်နှင့် အီဂျစ်နှင့်နယ်စပ်အနီး အခြားသောဒေသများကို ဆက်လက်သိမ်းပိုက်ရေး အပါအဝင် နေတန်ယာဟုက သတ်မှတ်ချက်များကို ချမှတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ