ဆိပ်ဖြူ ဩဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပတ္တမြားဈေးအတွင်း ဆန်လက်လီလက်ကားဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ရောနှောဆီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဩဂုတ်လအတွက် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထုတ်ပြန်ချက်အား သိရှိစေရန်နှင့် ကုန်စည်များဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စားသုံးဆီများတွင် ရောနှောဆီများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စားသုံးသူပြည်သူများအတွက် ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးဆီများတွင် ရောနှောဆီများရောင်းချမှု မရှိစေရေး ရည်ရွယ်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

 

ပြန်/ဆက်