ဩဂုတ် ၂၂
မြန်မာနိုင်ငံတွင် ယခုနှစ်ပထမခုနစ်လအတွင်း နိုင်ငံခြားခရီးသွား ခုနစ်သိန်းနီးပါး ဝင်ရောက်မှုရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး တင်ဇော်မြင့်က ဆင်ဟွာသတင်းဌာနသို့ ယနေ့တွင် ပြောကြားသည်။
အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၆၁၀၀၀၀ ထက် ပိုမိုများပြားသည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သောနှစ်က နိုင်ငံခြားခရီးသွား တစ်သန်းကျော် ဝင်ရောက်မှုရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို