ဩဂုတ် ၂၂
ဆူဒန်နိုင်ငံတွင် မိုးရာသီကာလအတွင်း ဇွန်လမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူ ၁၁၄ ဦး ရှိကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါရေဘေးသင့်မှုကြောင့် ပြည်နယ်ဆယ်ခုရှိ အိမ်ထောင်စု ၂၇၂၇၈ စု ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။ ဇွန်လနှင့် ဇူလိုင်လအတွင်း ပြည်နယ်ကိုးခုတွင် မိုးရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် ၅၃ ဦး သေဆုံးပြီး ၂၀၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဩဂုတ်လ ၁၀ ရက်နေ့က ထိုဝန်ကြီးဌာနကဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်ကစတင်ခဲ့သော ပဋိပက္ခဖြစ်ပွားမှုကြောင့် လူပေါင်းသန်းနှင့်ချီပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ၏နောက်ဆုံးထုတ်ပြန်သောအချက်အလက်အရ ၁၀ ဒသမ ၇ သန်းသည် ပြည်တွင်းဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြပြီး ၂ ဒသမ ၂ သန်းခန့်သည် ပြည်ပသို့ခိုလှုံရန်ကြိုးစားနေကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို