နေပြည်တော်၊ ဩဂုတ် ၂၃

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး  (ခုတင်-၁၀၀၀) ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။

 

ဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သွေးလှူရှင်ဝန်ထမ်း (၃၄)ဦးတို့က သွေးလှူဒါန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ဆေးဝါး၊ ကြက်ဥ၊ အားဖြည့်အချိုရည်၊ ရေသန့်များ ပေးအပ်ကြသည်။

ထို့နောက် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက သွေးလှူရှင် ဝန်ထမ်း(၃၄)ဦးကို မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

(သတင်းစဉ်)