နေပြည်တော်၊ ဩဂုတ် ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၂ ရက် ညနေ ၄ နာရီတွင် မြိတ်မြို့နယ်၊ အဂငေ်္မာ်ကျေးရွာအုပ်စု၊ ဆင်ဝင်းကျေးရွာ အနီးတွင် သက်နိုင်ဦး(ခ)တင့်နိုင်ဦး မောင်းနှင်ပြီး ကြည်လွင်(ခ)ငွေဆန်း လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် အဆိုပါနေရာ၌ သက်ဝေ မောင်းနှင်ပြီး ထွန်းဝင်း(ခ) ကြောင်ကြီး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၀,ဝ၀ဝ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ထွန်းကျော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ကိုလည်းကောင်း၊ ထို့ပြင် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်း အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ဂန္ဓမာလမ်းပေါ်တွင် ဗိုလ်ဗလ(ခ)ဗလ မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် SUCCEED အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀,ဝ၀ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)