ပျော်ဘွယ်  ဩဂုတ်  ၂၃

 

ပျော်ဘွယ်မြို့နယ်    သန်းခေါင် စာရင်းကော်မတီမှ     ဦးဆောင်၍ ၂၀၂၄  ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး     အသိပညာပေး ဟောပြောပွဲကို  ဩဂုတ် ၂၃ ရက် နံနက် ၉ နာရီက ညောင်ရွှေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကျင်းပ ရာ ကျေးရွာပြည်သူ ၁၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က သန်းခေါင်စာရင်း   ကောက်ယူသူ များလာရောက်ပြီး   မေးမြန်းဆွေးနွေးချက်များကို   ကြည်ဖြူစွာ ပြန်လည်ဖြေကြားပေးနိုင်ရေး၊ အချက်အလက်များ     မှန်ကန်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျော်ဘွယ်မြို့နယ် ဦးစီးမှူးရုံးမှ     မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးဆောင်က သန်းခေါင်စာရင်းကောက်ယူမည့် နေ့ရက်၊ အကြောင်းအရာ များကို   ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သန်းခေါင်စာရင်း ကောက်ယူရေး    အသိညာပေး လက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)