နေပြည်တော်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် ကက်တမင်း ၄၂၇ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၂ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ဟွေဟိကျေးရွာရှိ မအားမီ၏ နေအိမ်အား သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှေ့ခြံဝင်းအတွင်း ရပ်တန့်ထားသည့် MITSUBISHI  PAJERO မော်တော်ယာဉ်ပေါ်မှ  ဒေသကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၄၂၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်းကို ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်