နေပြည်တော်၊ သြဂုတ် ၂၅

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁) တို့တွင် ဆက်လက်ကျင်းပသည်။

 

ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (မီတာ ၅၀၀၀၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၁၁၀ တန်းကျော်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများနှင့် အမျိုးသမီး (မီတာ ၃၀၀၀၊ မီတာ ၁၀၀ တန်းကျော်၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများ၏ လူရွေးပွဲနှင့် ဗိုလ်လုပွဲများကို ယှဉ်ပြိုင်ကစားသည်။

 

 

(အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ကန်လန် (စစ်ကိုင်း) က ၁၇:၄၃.၅၁ ဖြင့် ပထမ၊ အောင်မြင့်မြတ် (ကယား) က ၁၇:၄၆.၉၃ ဖြင့် ဒုတိယ၊ ဟိန်းသူရအောင် (တနင်္သာရီ) က ၁၇:၅၇.၅၀ ဖြင့် တတိယ၊ သံလုံးပစ်ပြိုင်ပွဲတွင် မန်းဇေယျာထူး (ကရင်) က ၁၂ ဒသမ ၈၆ မီတာဖြင့် ပထမ၊ ရဲမိုးဇာ (မကွေး) က ၁၂ ဒသမ ၅၇ မီတာဖြင့် ဒုတိယ၊ ဟန်လင်းစိုး (ကရင်) က ၁၂ ဒသမ ၃၀ မီတာဖြင့် တတိယ၊ တုတ်ထောက်ခုန်ပြိုင်ပွဲတွင် မင်းထက်သော် (နေပြည်တော်) က ၂ ဒသမ၈၀ မီတာဖြင့် ပထမ၊ ဟန်ဖြိုးအောင် (မကွေး) က ၂ ဒသမ ၇၀ မီတာဖြင့် ဒုတိယ၊ ဇော်မျိုးအောင် (မန္တလေး) က ၂ ဒသမ ၆၀ မီတာဖြင့် တတိယ၊ မီတာ ၁၁၀ တန်းကျော်ပြိုင်ပွဲတွင် မြတ်ဘုန်းကျော် (မန္တလေး) က ၁၅ ဒသမ ၃၉ စက္ကန့်ဖြင့် ပထမ၊ မင်းသိင်္ခ (ဧရာဝတီ) က ၁၅ ဒသမ ၆၀ စက္ကန့်ဖြင့် ဒုတိယ၊ ဝင်းသူရကျော် (နေပြည်တော်) က ၁၅ ဒသမ ၆၂ စက္ကန့်ဖြင့် တတိယ၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် တင်မိုးအောင် (တနင်္သာရီ) က ၂၃ ဒသမ ၀၈ စက္ကန့်ဖြင့် ပထမ၊ ဇေယျာဖြိုး (စစ်ကိုင်း) က ၂၃ ဒသမ ၂၉ စက္ကန့်ဖြင့် ဒုတိယ၊ အောင်မျိုးဇော် (ပဲခူး) က ၂၃ ဒသမ ၆၃ စက္ကန့်ဖြင့် တတိယ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ကျော်ဇောလင်း (ကယား) က ၂:၁၀.၀၉ ဖြင့် ပထမ၊ သက်နိုင်ထွေး (မကွေး) က ၂:၁၀.၆၄ ဖြင့် ဒုတိယ၊ ဟိန်းခန့်ဇင် (ရန်ကုန်) က ၂:၁၂.၂၁ ဖြင့် တတိယ၊ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၃၀၀၀ အပြေးပြိုင်ပွဲတွင် မေမြတ်နိုးခင် (ပဲခူး)က ၁၁:၂၃.၆၅ ဖြင့် ပထမ၊ မေမြတ်နိုးဇင် (ပဲခူး) က ၁၁:၂၄.၂၁ ဖြင့် ဒုတိယ၊ ခိုင်ဖူးဝေ (ရှမ်း) က ၁၁:၂၈.၉၁ ဖြင့် တတိယ၊ မီတာ ၁၀၀ တန်းကျော်ပြိုင်ပွဲတွင် ဖြူသီဦး (ရှမ်း) က ၁၇ ဒသမ ၅၅ စက္ကန့်ဖြင့် ပထမ၊ ညိုညိုဌေး (တနင်္သာရီ) က ၁၇ ဒသမ ၉၁ စက္ကန့်ဖြင့် ဒုတိယ၊ ဟန်ဝေလွင် (မကွေး) က ၁၈ ဒသမ ၃၄ စက္ကန့်ဖြင့် တတိယ၊ သံလုံးပစ် ပြိုင်ပွဲတွင် ရီရီဌေး (ရခိုင်) က ၁၁ ဒသမ ၃၁ မီတာဖြင့် ပထမ၊ မီးမီးခဲ (စစ်ကိုင်း) က ၁၀ ဒသမ ၅၀ မီတာဖြင့် ဒုတိယ၊ အေးစန္ဒာချို (မွန်) က ၉ ဒသမ ၈၉ မီတာဖြင့် တတိယ၊ တုတ်ထောက်ခုန် ပြိုင်ပွဲတွင် မေမြတ်နိုး (မကွေး) က ၂ ဒသမ ၀၀ မီတာဖြင့် ပထမ၊ သော်တာဝင်းကြိုင် (နေပြည်တော်) နှင့် သင်းသင်းဝေ (မကွေး) တို့က ၁ ဒသမ ၉၀ မီတာဖြင့် ပူးတွဲဒုတိယ၊ ဆိုင်လေ (ရှမ်း) က ၁ ဒသမ ၈၀ မီတာဖြင့် စတုတ္ထ၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် သီရိလင်း (စစ်ကိုင်း) က ၂၇ ဒသမ ၉၅ စက္ကန့်ဖြင့် ပထမ၊ ပန်ဆုပြည့် (တနင်္သာရီ) က ၂၈ ဒသမ ၂၂ စက္ကန့်ဖြင့် ဒုတိယ၊ အေးစန္ဒာဝင်း (မကွေး) က ၂၈ ဒသမ၂၄ စက္ကန့်ဖြင့် တတိယ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် နှင်းရွှေရည် (ချင်း) က ၂:၂၅.၁၄ ဖြင့် ပထမ၊ မိုးမိုးဇော် (ရှမ်း) က ၂:၂၅.၆၆ ဖြင့် ဒုတိယ၊ အေးမြတ်မွန် (ပဲခူး) က ၂:၂၆.၅၁ ဖြင့် တတိယတို့ ရရှိခဲ့သည်။

 

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသာအောင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

 

ယနေ့ပြိုင်ပွဲများအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အဆင့်ရပ်တည်မှုအနေဖြင့် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၄ ခုဖြင့် တနင်္သာရီတိုင်းဒေသကြီးအသင်းက ပထမ၊ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၇ ခုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ဒုတိယ၊ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် ရှမ်းပြည်နယ်အသင်းက တတိယ၊ ရွှေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက စတုတ္ထနေရာများတွင် ရပ်တည်နိုင်ခဲ့ကြသည်။

 

ဩဂုတ် ၂၆ ရက်နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁) တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၁၀၀၊ သုံးဆင့်ခုန်၊ လှံတံပစ်၊ မီတာ ၁၅၀၀၊ မီတာ ၂၀၀၀ တားဆီးကျော်ပြေး) ပြိုင်ပွဲများနှင့် အမျိုးသမီး (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၁၀၀၊ သုံးဆင့်ခုန်၊ လှံတံပစ်၊ မီတာ ၁၅၀၀) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်