ရန်ကုန် ဩဂုတ် ၂၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ အရာထမ်းအခြေခံသင် တန်းအမှတ်စဉ်(၂၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းမိန့်ခွန်းပြောကြားသည်။
အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၁)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၈၂)ဦး၊ သင်တန်းသူ (၉၉)ဦး၊ စုစုပေါင်း (၁၈၁)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၂၆ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


