ဩဂုတ် ၂၆
အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်တွင် ယမန်နေ့က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် ၁၃ ဦး သေဆုံးပြီး ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပြည်နယ်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအကြီးအကဲ ဖာတာရာရှ်မန်က တာနိတ်မြို့ရှိ လူရှစ်ဦးကို ကယ်ဆယ်ခဲ့သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရသေဆုံးသူများကို ၎င်းတို့၏နေအိမ်များအတွင်း အပျက်အစီးများအောက်တွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရာရှ်မန်က ဆင်ဟွာကိုပြောသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေး လုပ်သားများနှင့် အဖွဲ့အစည်းအမျိုးမျိုးမှစေတနာ့ဝန်ထမ်းများအပါအဝင် ပူးတွဲအဖွဲ့မှ ၁၀၀၀ နီးပါးပါဝင်သည်ဟုသိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းကို ခုနစ်ရက်ကြာဆက်လက်လုပ်ဆောင်မည်ဖြစ်သော်လည်း လိုအပ်ပါကရက်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရာရှ်မန်ကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို