ဩဂုတ် ၂၆
ထိုင်းနိုင်ငံတစ်ဝန်း၌ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ၂၂ ဦး သေဆုံးပြီး အခြား ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါသဘာဝဘေးကြောင့် ဩဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ပြည်နယ် ၁၃ ခုရှိ အိမ်ထောင်စု ၃၀၉၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက ယနေ့ပြောကြားသည်။
အာဏာပိုင်များက မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသောဒေသများတွင် ရေများလျော့ကျမှုရှိစေရန်နှင့် မြောက်ပိုင်းပြည်နယ်ငါးခုရှိ ကျေးရွာ ၇၃၇ ရွာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုအရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်ဟု သဘာဝဘေးလျော့ကျရေးနှင့်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
တာဝန်ရှိသူများက အခြေအနေကိုအနီးကပ်စောင့်ကြည့်ရန်နှင့် အန္တရာယ်များသောနေရာတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် စက်ယန္တရားများကို ပြင်ဆင်ထားရှိရန် ညွှန်ကြားထားပြီး နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၁ ခု၏ဒေသခံများအား ရုတ်တရက်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့နှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၉ ရက်နေ့အထိ သတိဖြင့်နေထိုင်ကြရန်လည်း ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို