နေပြည်တော်၊ ဩဂုတ် ၂၆

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဆေးပညာမဟာဌာန လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်း‌ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား သင်ယူမှုဆိုင်ရာ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရန် မှာကြားသည်။

 

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာသင်ခန်းများတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု၍ အားပေး စကားပြောကြားပြီး သတ္တဗေဒဌာနက ဆောင်ရွက်လျက်ရှိသော ယင်ကောင်အမည်းများမှ သားလောင်းအကောင်ကြီးများ သားဖောက်မွေးမြူ၍ ကြက်စာအဖြစ် အသုံးပြုကာ ဒေသတွင်းကြက်များ၏ ကြီးထွားနှုန်းနှင့် ဥထွက်နှုန်း သုတေသနပြု စမ်းသပ်မှုကို လေ့လာအကြံပြု အားပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်