နေပြည်တော် ဩဂုတ် ၂၆

 

၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်ထိ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိရာ ဦးစီးဌာန (၄) ခုမှ အသင်း (၄) သင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တို့မှ အသင်း (၂) သင်း၊ စုစုပေါင်းအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်း ကျင်းပသည့် ပထမအကြိုဗိုလ်လုပွဲ၊ ပွဲစဉ်ဖြစ်သော အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနအသင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြပုံများကိုလည်းကောင်း၊ ဒုတိယအကြိုဗိုလ်လုပွဲ၊ ပွဲစဉ်ဖြစ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) အသင်းနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်