ဂျေရုဆလင် ဩဂုတ် ၂၆

 

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက် တန်ချိန် ၅၀၀၀၀ ကျော် လက်ခံရရှိထားကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားသည်။ ယင်းလက်နက်ပစ္စည်းများတွင် သံချပ်ကာယာဉ်များ၊ လက်နက်ခဲယမ်းမီးကျောက်များ၊ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ ပါဝင်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

 

ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေး - လက်ဘနွန် နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာတို့နှင့် ဆက်လက် ဖြစ်ပွားနေသော စစ်ပွဲအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်ရေးစွမ်းရည်ကို တည်တံ့ခိုင်မြဲစေရန်အတွက် စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများသည် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

 

အဆိုပါလက်နက်ပစ္စည်းများကို မည်သည့်နိုင်ငံမှ ဝယ်ယူခဲ့သည်ကို ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လက်နက်များနှင့် ခဲယမ်းမီးကျောက်အများစုကို အမေရိကန်နှင့် ဥရောပမှ ဝယ်ယူခဲ့ကြောင်း အစ္စရေးအစိုးရအရာရှိများက ယခင်ကပြောကြားထားသည်။

 

ဂါဇာကမ်းမြောင်တွင် ပဋိပက္ခစတင်ခဲ့သည့် အချိန်မှစ၍ အစ္စရေးဘက်မှ ဓားစာခံ ၂၅၀ ဖမ်းဆီးခံရမှုအပြင် လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ပြီး ပါလက်စတိုင်းဘက်တွင် လူပေါင်း ၄၀၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

 

ဆင်ဟွာ