ရန်ကုန် ၃  မတ်  

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၉၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၁၁၄ အမှုမှ ပြစ်မှုကျူးလွန်သူ  မျိုးသန်းထွေး(ခ)တွတ်ပီသည် ခါးပိုက်နှိုက်မှုများကျူးလွန်ထားကြောင်း သတင်းရရှိသဖြင့် စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ သူရဦး(ခ)သူရအား ထပ်မံဖမ်းဆီးရမိခဲ့ပြီးခဲ့ကြောင်း သိရသည်။

 

၎င်းတို့နှစ်ဦးအား တိုက်ဆိုင်စစ်ဆေးရာတွင် YBS ယာဉ်လိုင်းများပေါ်မှ အဓိကပစ်မှတ်ထား ပြစ်မှုကျူးလွန်ခဲ့ကြောင်းသိရပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် YBS(74) ယာဉ်ပေါ်မှ Samsung J5 အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ အလယ်ရွာကားမှတ်တိုင်အနီး YBS(42) ယာဉ်ပေါ်မှ ViVo အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ Samsung On 7 အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး၊ မိုင်(၂၀)ကားမှတ်တိုင် အနီး YBS(42) ယာဉ်ပေါ်မှ Samsung J2 Prime အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ အဆင့်မြင့်ကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Lenovo အမျိုးအစား အပြာရောင်ဖုန်း(၁)လုံး၊ နဝဒေးကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Oppo အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Samsung အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး၊ YBS(42) ယာဉ်ပေါ်မှ Redmi Note 3 အမျိုးအစား အပြာရောင်ဖုန်း(၁)လုံး၊ ဘုရားလမ်းကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Huawei 730 အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Oppo A33W အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ ရုံးရှေ့ကားမှတ်တိုင် အနီး YBS(61) ယာဉ်ပေါ်မှ Oppo A33W အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ဈေးလေးကားမှတ်တိုင်အနီး YBS(53) ယာဉ်ပေါ်မှ Samsung J2 အမျိုးအစားဖုန်း(၁)လုံး၊ Huawei G6 အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ရွှေပြည်သာမြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့ကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Samsung Galaxy Tab 4 အမျိုးအစား အဖြူရောင် ဖုန်း(၁)လုံး၊ မင်္ဂလာဒုံမြို့နယ်၊ သုံးရာသီကားမှတ်တိုင်အနီး YBS(42) ယာဉ်ပေါ်မှ Huawei အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး တို့အား ခါးပိုက်နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံဖုန်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ မျိုးသန်းထွေး(ခ) တွတ်ပီ နှင့် သူရဦး(ခ)သူရ တို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်း အသီးသီးသို့ သွားရောက်စုံစမ်းနိုင်ကြောင်း ရန်ကုန် Police မှသိရသည်။

 

MDN