နေပြည်တော်၊ ဩဂုတ် ၂၇

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အ စည်းအဝေးခန်းမ၌ Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူတိုင်တိုင်တက်ရောက်၍ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ တက်ရောက်ကြသည်။

 

ဉီးစွာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌက  ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ပြီး ရေရှည် ဆောင်ရွက်သွားရမည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈)ကို အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊  အဆိုပါ ဒုတိယငါးနှစ်လုပ်ငန်း စီမံချက်အရ ကလေးအလုပ်သမားပ ပျောက်ရေးနှင့် စပ်လျဉ်း၍  ဥပဒေရေးရာလုပ်ငန်း ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ယနေ့အစည်းအဝေးတွင် တင်ပြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ဥပဒေရေးရာလုပ်ငန်းကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဥပဒေရေးရာ လုပ်ငန်း ကော်မတီဝင်များက ဆောင်ရွက်ရမည့်ကိစ္စများကို  ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက  ဒုတိယငါးနှစ်လုပ်ငန်း စီမံချက်အရ ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍  မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄) ချက်ကို ရှင်းလင်းတင်ပြကာ  အတည်ပြုချက်ရယူသည်။

 

ထို့နောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)