ဩဂုတ်၂၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ( ဒီအာစီ ) တွင် မျောက်ကျောက်ရောဂါဆက်လက်ဖြစ်ပွားလျက်ရှိရာ သံသယလူနာ ၁၇၈၀၁ ကျော်ရှိပြီး မျောက်ကျောက်ရောဂါဖြင့် သေဆုံးသူ ၆၁၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီး ရိုဂျာကမ်ဘာက ယမန်နေ့ကပြောသည်။
ပြည်သူများအနေဖြင့် အထူးသဖြင့် စက်တင်ဘာလအစောပိုင်းလာမည့် စာသင်နှစ်အတွက် ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများကိုလိုက်နာကြရန်နှင့် ကာကွယ်ဆေးများ ရနိုင်သမျှ အမြန်ဆုံးထိုးနှံကြရန် ဝန်ကြီးက တိုက်တွန်းထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအဆင့်များတွင် ညှိနှိုင်းကြိုးပမ်းမှုများမှတစ်ဆင့် လူမှလူသို့ကူးစက်ခြင်းအား အဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်ကို ဩဂုတ်လ ၂၆ ရက်က စတင်ခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်၊ ရပ်တန့်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂါဘရီယီဆက်က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို