ဩဂုတ် ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၁ ဦး ရှိကြောင်း အစိုးရအဖွဲ့က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် မြို့တော်ဒါကာ၏အရှေ့ဘက် ၉၆ ကီလိုမီတာအကွာ ကုမီလ်လာခရိုင်တွင် ၁၂ ဦး သေဆုံးကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးစင်တာက သတင်း ထုတ်ပြန်ထားသည်။

အရှေ့မြောက်နှင့် အရှေ့တောင်ပိုင်းခရိုင်းများတွင် ရေကြီးမှုများဆက်လက်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံအတွင်းရှိ ခရိုင် ၆၄ ခုအနက် ၁၁ ခုတွင် ရုတ်တရက်ရေကြီးမှုဖြစ်ပွားသဖြင့် ပြည်သူ ၆ သန်းနီးပါးရေဘေးသင့်ခဲ့သည်ဟု သိရသည်။

အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးပစ္စည်းများ ဝေငှပေးရန်နှင့် ရေဘေးသင့်ပြည်သူများရှိရာခိုလှုံရေးစခန်းများတွင် ကြီးကြပ်ညွှန်ကြားရန် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့များကို စေလွှတ်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို