ကဘူး ၄ မတ် 

 

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း  ကန်ဒါဟာစီရင်စုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး  အများအပြား  ပျောက်ဆုံးလျက်ရှိကြောင်း  ယနေ့ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

မတ် ၁ ရက်အစောပိုင်းကစပြီး နိုင်ငံ၏တောင်ပိုင်းတွင်  မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ  ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးရေလျှံမှုကြောင့်  သေဆုံးသူများအနက်  ကလေးငယ်အများအပြားပါဝင်ကြောင်း သိရသည်။ လူနေအိမ်များ ပြိုကျပျက်စီးခဲ့သဖြင့်  ပြည်သူအချို့က  မော်တော်ယာဉ်များဖြင့်  ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ရေစီးဖြင့်မျောပါသွားခဲ့ကြောင်း ကုလသမဂ္ဂ  လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးရုံးမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

 

အစီရင်ခံစာတွင် လူနေအိမ်များနှင့် အခြေခံအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များအား တပ်ဖြန့်စေလွှတ်ထားကြောင်းနှင့်  ကလေးငယ်များအပါအဝင် လူ ၁၀ ဦးပျောက်ဆုံးလျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

 

အာဖဂန်နစ္စတန်တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအေဂျင်စီများက ရေဘေးဒုက္ခသည်များအား      ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏    အချို့သောဒေသများတွင်    ဆီးနှင်း များထူထပ်စွာကျနေစဉ်    နိုင်ငံ၏တောင်ပိုင်းတွင်     ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူနေအိမ်များ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

 

ဆင်ဟွာ