စက်တင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားပြေးဆွဲမှုတွင် အမြန်ရထားလမ်းစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ၁၀ လတာကာလအတွင်း ခရီးသည် ၄ ဒသမ ၂ သန်း စီးနင်းလိုက်ပါမှုရှိကြောင်း PT Kereta Cepat Indonesia China (KCIC) ကုမ္ပဏီအကြီးအကဲဖြစ်သူက ယမန်နေ့ကပြောသည်။
အဆိုပါအမြန်ရထားခရီးသည်များလိုက်ပါစီးနင်းမှုသည် ပျမ်းမျှအားဖြင့် နေ့စဉ် ၉၀၀၀မှ ၁၈၀၀၀ အထိရှိလာပြီး စနေနှင့် တနင်္ဂနွေရက်များတွင် ခရီးသည် ၂၂၀၀၀မှ ၂၄၀၀၀ အထိတိုးလာသည်ဟုလည်း ၎င်းကုမ္ပဏီကဖော်ပြထားသည်။
ထိုရထားစတင်ပြေးဆွဲစဉ်က တစ်ရက်လျှင် ခရီးစဉ် ၁၄ ခေါက်သာရှိပြီး ၂၀၂၄ ခုနှစ် မေလနောက်ပိုင်းတွင် ခရီးစဉ် ၄၈ ခေါက်အထိ တိုးမြှင့်ပြေးဆွဲလာကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် တစ်ရက်လျှင် ခရီးစဉ် ၆၂ ခေါက်အထိ ပြေးဆွဲရန် ရည်မှန်းထားကြောင်း ကုမ္ပဏီထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို