စက်တင်ဘာ ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၂၈၄၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြင့် လေးဦးထပ်မံသေဆုံးသူခဲ့ရာ သေဆုံးသူ ၈၃ ဦး ရှိလာသည်ဟု သိရသည်။ လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားကြောင့် သေဆုံးသူ ၁၇၀၅ ဦး ရှိသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုအများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။
လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၂၁၁၇၉ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်းကာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောကာလဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို