စက်တင်ဘာ ၂

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း ရာဂီတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူဆယ်ဦးထက်မနည်းသေဆုံးပြီး တစ်ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယနေ့တွင်ပြောသည်။

ထိုမုန်တိုင်းသည် ယနေ့မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတွင် နိုင်ငံမြောက်ပိုင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် မနီလာမြို့အရှေ့တောင်ဘက် နာဂါမြို့တွင် နှစ်ဦး၊ မနီလာအရှေ့ဘက် အန်တီပိုလိုမြို့တွင် ခြောက်ဦး၊ နိုင်ငံအလယ်ပိုင်း စီဘူမြို့တွင် နှစ်ဦး သေဆုံးခဲ့သည်။

ရာဂီမုန်တိုင်းသည် ယခုနှစ်အတွင်း  ဝင်ရောက်တိုက်ခတ်သော ငါးကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်းအကြိမ် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် သီးနှံစိုက်ခင်းများပျက်စီးခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းဉစ္စာများ ပျက်စီးဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရသေဆုံးခြင်းတို့ ဖြစ်ပွားလေ့ရှိသည်။

၂၀၁၃ ခုနှစ်က တိုင်ဖွန်းမုန်တိုင်းဟာရန်တိုက်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံတန်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၆၃၀၀ သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို