တိုကျို၊ စက်တင်ဘာ ၂
ဂျပန်နိုင်ငံရှိ အိုက်တိုယိုကိုဒါ စူပါမားကတ်သည် အိမ်ထောင်စုများ၏ ချက်ပြုတ်ရာမှ သုံးစွဲပြီးကျန်ရှိသည့် ဆီများကိုစုဆောင်းကာ ဆပ်ပြာ၊ မှင်နှင့် လေယာဉ်ဆီ ထုတ်လုပ်ရေးတို့အတွက် ပြန်လည် အသုံးချမည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
ထပ်မံတိုးချဲ့ဆောင်ရွက်
၎င်းအစီအစဉ်ကို ယမန်နှစ်အတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း တိုကျိုရှိ ၎င်းစူပါမားကတ်ဆိုင်ခွဲ ၂၅ ခုတွင် အစီအစဉ်ကို ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့သည်။ သုံးစွဲပြီးဆီများ ပြန်လည်စုဆောင်းရေးအတွက် စိတ်ပါဝင်စားသူ ဖောက်သည်များထံသို့ ဆီပုံးများ ပေးအပ်ထားသည်။ ၎င်းစူပါမားကတ်ရှိ ဆိုင်ခွဲများအားလုံးတွင် ချက်ပြုတ်ရာမှ သုံးစွဲပြီးကျန်ရှိသည့်ဆီများ စုဆောင်းသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ် မတ်လတွင် အပြီးဆောင်ရွက်မည်ဖြစ်သည်။
ဆောင်ရွက်
ဂျပန်နိုင်ငံရှိ အခြားစူပါမားကတ်ဖြစ်သည့် ဒိုင်အိကလည်း ဂျပန်လေကြောင်းလိုင်းအပါအဝင် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ချက်ပြုတ်ရာမှ သုံးစွဲပြီး ကျန်ရှိသည့်ဆီများ စုဆောင်းသည့်အစီအစဉ် ကို ဆောင်ရွက်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ