စက်တင်ဘာ ၃

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သောနှစ်လအတွင်း မုတ်သုံမိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် မတော်တဆမှုများဖြစ်ပွားမှုကြောင့် ၂၉၃ ဦးသေဆုံးပြီး အခြား ၅၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ တံတား ၃၉ စင်းနှင့် နေအိမ်အလုံးပေါင်း ၁၉၅၇၂ လုံး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ ဇူလိုင် ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကျွဲ၊ နွားကောင်ရေပေါင်း ၁၀၇၇ ကောင် သေဆုံးခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ၁၁၂ ဦး သေဆုံးပြီး အခြား ၃၀၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိခိုက်ဒဏ်ရာရသေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည်။ ၎င်းနောက်တွင် ခီဘာပတ်ထန်ခ်ဟွာပြည်နယ် အနောက်မြောက်ပိုင်းဖြစ်ပြီး ၈၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၉ ဦးရှိသည်ဟု သိရသည်။

 

ပါကစ္စတန်နိုင်ငံအတွင်းရှိဒေသများတွင် လာမည့်ရက်များအတွင်း မိုးအသင့်အတင့်မှ သည်းထန်စွာရွာသွန်းမည်ဟု ထိုအဖွဲ့ကခန့်မှန်းထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို