စက်တင်ဘာ ၃
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀၇၈၆ ဦးအထိရှိလာကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် ၄၈ ဦး သေဆုံးပြီး အခြား ၇၀ ဒဏ်ရာရရှိခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအစောပိုင်းက ဖြစ်ပွားသော ပါလက်စတိုင်း-အစ္စရေးပဋိပက္ခကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၀၇၈၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၄၂၂၄ ဦး အထိရှိလာကြောင်း ထပ်လောင်းဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် ကလေးငယ် ၈၆၀၀၀ ကျော်အား စက်တင်ဘာလ ၁ ရက်က ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခဲ့သည်ဟု လူမှုမီဒီယာပလက်ဖောင်းအိတ်ချ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ယမန်နေ့ကဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို