စက်တင်ဘာ ၃
ဂျော်ဒန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ပထမဆုံးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမျောက်ကျောက်ရောဂါဖြစ်ပွားသူသည် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဂျော်ဒန်နိုင်ငံသားမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို နိုင်ငံပိုင်ပီထရာသတင်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။
၎င်းတွင် အရည်ကြည်ဖုများပေါက်နေကြောင်းနှင့် ဓါတ်ခွဲစစ်ဆေးမှုအရ မျောက်ကျောက်ရောဂါဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထိုမျောက်ကျောက်ရောဂါဖြစ်ပွားမှုသည် ဂျော်ဒန်နိုင်ငံတွင် ပထမဆုံးဖြစ်ပွားခြင်းမဟုတ်ဘဲ ယခင် ၂၀၂၂ ခုနှစ်က မျောက်ကျောက်ရောဂါဖြစ်ပွားသူတစ်ဦးကို တွေ့ရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို