တောင်ကြီး စက်တင်ဘာ  

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ အောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်တို့သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်း များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးများက နိုင်ငံတော်၏ စားရေရိက္ခာဖူလုံပိုလျှံရေး နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ တောင်သူနှင့် ဌာနပညာရှင်များ သုတေသီများ အပြန်အလှန် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ ခေတ်မီအွန်လိုင်းမီဒီယာအသုံးပြု နည်းပညာပြန့်ပွားရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ၊ ပြည်တွင်း စားသုံးဆီဖူ လုံပိုလျှံရေးစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ ဒေသရေမြေရာသီ ဥတုနှင့်ကိုက်ညီပြီး တောင်သူဝင်ငွေရ သီးနှံအမယ်သစ်များ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်စေရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားကြသည်။

 

ဆက်လက်၍ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများက ဝန်ထမ်းရေးရာနှင့် လုပ်ငန်းဆိုင်ရာ အခြေအနေများကိုလည်းကောင်း တင်ပြကြရာ  ဒုတိယဝန်ကြီးများက  တင်ပြချက်များအပေါ်  ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)