ရန်ကုန် စက်တင်ဘာ

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားရှိသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၅၈၈)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ   နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင်  အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေး အဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဓမ္မာစရိယပါဠိပါရဂူ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါ စရိယ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

 

ယနေ့ကျင်းပသော အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၄ ခုနှစ် ဇူလိုင် ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၉၀  က ၆ကျပ်သားရွှေပြား ချပ်၊  ကျပ်သားရွှေပြား ချပ်နှင့် တစ်ကျပ်သားရွှေပြား ၉၆ ချပ် စုစုပေါင်း ရွှေစင် ရွှေပြား  ၁၁၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၀၃ ဦးအပါအ၀င် လှူဒါန်းငွေ စုစုပေါင်း ၂၀၇၈၃၂၀၅၉၇  ကျပ် (ကျပ်သိန်းပေါင်း နှစ်သောင်း ခုနစ်ရာ ရှစ်ဆယ့်သုံးသိန်း နှစ်သောင်း ငါးရာ ကိုးဆယ့် ခုနစ်တိတိ) ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)