တောင်ငူ စက်တင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအုပ်စု၊ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ဖွင့်လှစ်ပို့ချလျက်ရှိသည်။

 

အဆိုပါသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ (၁၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အလိုက်ရွေးချယ်ထားသည့် စာရင်းစစ်၊ စာရင်းကောက် (၇၃၂)ဦးရှိရာ ရေတာရှည်မြို့နယ်မှ သင်တန်းခန်း (၃)ခန်းအတွက် သင်တန်းသား (၉)ဦး၊ တောင်ငူမြို့နယ်မှ သင်တန်းခန်း (၄)ခန်းအတွက် သင်တန်းသား (၁၂)ဦး၊ ထန်းတပင်မြို့နယ်မှ သင်တန်းခန်း (၂)ခန်းအတွက် သင်တန်းသား (၆)ဦး၊ အုတ်တွင်းမြို့နယ်မှ သင်တန်းခန်း (၃)ခန်းအတွက် သင်တန်းသား (၉)ဦး၊ ဖြူးမြို့နယ်မှ သင်တန်းခန်း (၃)ခန်းအတွက် သင်တန်းသား (၉)ဦး စုစုပေါင်း (၄၅)ဦးအား တိုင်းဒေသကြီးအဆင့် စာတွေ့လက်တွေ့ သင်တန်းတက်ခဲ့သော စာရင်းစစ် (၄)ဦးမှ နည်းပြအဖြစ် သင်ကြားပို့ချလျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး နည်းပညာအကူအညီနဲ့ Tablet များကို အသုံးပြုကာ အိမ်ထောင်စုအလိုက် ​မေးခွန်းပုံစံ(၆၈)ချက်နဲ့ အဖွဲ့အစည်းအလိုက် မေးခွန်းပုံစံ (၁၈)ချက်ပါသည့် ပုံစံစာရွက်များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 

ခရိုင် (ပြန်/ဆက်)